Who We Are
SERI is a community-centered initiative committed to epistemic and educational justice. We work to reclaim, uplift, and validate the local wisdom, cultural knowledge, oral histories, and lived experiences often excluded or marginalized by dominant educational systems.
Grounded in the spirit of Śāriputra (Sariputta) — the Buddha's foremost disciple in wisdom — our approach emphasizes critical inquiry, empirical understanding, and compassionate learning.
Our Vision — မျှော်မှန်းချက်
ကျွန်ုပ်တို့၏ ကွန်ရက်ကို မည်သူမဆိုပါဝင်နိုင်ပြီး၊ ငြိမ်းချမ်းစွာနှင့် လွတ်လပ်စွာ မျှဝေနိုင်သော အသိပညာရပ်ဝန်းတစ်ခု ဖြစ်လာစေရန် မျှော်မှန်းထားပါသည်။
တစ်နည်းအားဖြင့်ဆိုရသော် ငုပ်လျိုးနေသည့် ဒေသန္တရ အမှတ်သညာများအား ပြန်လည်တူးဆွဖော်ထုတ်ပြီး၊ နေ့စဉ်ဘဝထဲမှလာသည့် လူတစ်ဦးတစ်ယောက်ချင်းစီ၏ အတွေ့အကြုံ၊ ခံစားသိ ဗဟုသုတများနှင့် အတတ်ပညာများအား တန်ဖိုးထားကာ၊ အဆင့်မြင့် ပညာရပ်ဝန်း (Ivory Tower) နှင့် ပေါင်းစပ်၍ ဉာဏ်ပညာနှင့် ပြည့်ဝသည့် လူ့အဖွဲ့အစည်းတစ်ခုဖြစ်လာစေရန် လုပ်ဆောင်သွားပါမည်။
We envision our network becoming an inclusive knowledge sphere where everyone can participate, share freely, and coexist peacefully.
In other words, we aim to unearth submerged local identities and wisdom. By valuing the lived experiences, intuitive knowledge, and skills embedded in the daily lives of individuals, we seek to integrate them with the Ivory Tower to build a truly wisdom-filled society.
Our Mission — ရည်မှန်းချက်
လူထုအသိုင်းအဝိုင်းများအနေဖြင့် မိမိတို့၏ အသံများနှင့် ဖြစ်ရပ်မှန် ဇာတ်လမ်းများကို ပြန်လည်ဖော်ထုတ် ပိုင်ဆိုင်နိုင်စေရန် ကူညီဆောင်ရွက်ပေးသွားပါမည်။
To help communities reclaim their voices and their stories.
လူငယ်များ၊ ဒေသခံ ဆရာများနှင့် လူထု အဖွဲ့အစည်းများအား — သင်တန်းပေးခြင်း၊ အနီးကပ် လမ်းပြအကြံပေးခြင်းနှင့် အတူတကွလုပ်ဆောင်သည့် သုတေသနလုပ်ငန်းများမှတစ်ဆင့် မိမိတို့၏ လက်တွေ့ဘဝ အခြေအနေမှန်များကို စူးစမ်းလေ့လာနိုင်ရန်၊ မိမိတို့၏ ဉာဏ်ပညာဗဟုသုတများကို မှတ်တမ်းတင်နိုင်ရန်နှင့် မိမိတို့အား နှုတ်ဆိတ်နေစေရန် ပြုလုပ်ထားသော စနစ်များကို ပြန်လည် မေးခွန်းထုတ်နိုင်စေရန် ပံ့ပိုးကူညီပေးသွားပါမည်။
To support youth, local educators, and grassroots groups in investigating their realities, documenting their wisdom, and speaking back to systems that silence them through training, mentoring, and collaborative research.
အသိပညာသည် အခြေခံလူထုထံမှ စတင်ရှင်သန်ကြီးထွားလာပြီး လူတိုင်းနှင့် သက်ဆိုင်သော၊ ပိုမို တရားမျှတပြီး ကိုယ်ချင်းစာတရား ပြည့်ဝသည့် သင်ယူမှုဝန်းကျင်တစ်ခုကို တည်ဆောက်ပေးမည့် လုပ်ငန်းများအား လုပ်ဆောင်သွားပါမည်။
To build a more just and compassionate learning environment where knowledge grows from the ground up and belongs to everyone.
Our Commitment
Contact Us
copy; 2026 Sariputra Education and Research Initiative. All rights reserved.