ကျောင်းပရောဂျက်အတွက်ပဲဖြစ်ဖြစ်၊ ကိုယ်တိုင်စိတ်ဝင်စားလို့ပဲဖြစ်ဖြစ် လုပ်ထားတဲ့ သုတေသနတွေ့ရှိချက်တွေကို လူထုကြားထဲ ချပြဖို့ အခက်အခဲ ဖြစ်နေပါသလား? ဒါမှမဟုတ် နိုင်ငံတကာ ပညာရပ်ဆိုင်ရာ ပလက်ဖောင်းတွေရဲ့ တင်းကျပ်တဲ့ စံနှုန်းတွေအောက်မှာ မိမိတို့ရဲ့ အသံတွေ နာခံမှိုင်းမိနေသလို ခံစားနေရပါသလား?
ကျမတို့ရဲ့ လူမှုအသိုင်းအဝိုင်းတွေကြားထဲမှာ နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့တဲ့ ဒေသဉာဏ်ပညာနဲ့ အမှန်တရားတွေဟာ အနောက်တိုင်းဗဟိုပြု ခေတ်သစ်ပညာရပ်တွေနဲ့ အာဏာရှိသူတွေရဲ့ ပုံဖော်မှု ဖိအားအောက်မှာ တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်လာနေပါတယ်။ အဲဒီ ဒေသအမှတ်သညာ၊ ဉာဏ်ပညာတွေကို ပြန်လည်ဖော်ထုတ်ဖို့၊ မှတ်တမ်းတင်ဖို့နဲ့ လူထုနဲ့ ပြန်လည်မျှဝေနိုင်ဖို့အတွက် လာရောက်ဖတ်ကြား ဆွေးနွေးလိုသူ စာတမ်းရှင်များ၊ အသိပညာ အတတ်ပညာရှင်များ၊ သုတေသီများကို နွေးထွေးစွာ ဖိတ်ခေါ်ချင်ပါတယ်။
နှစ်ပေါင်းများစွာတိုင် "ဘာဟာ ပညာရပ်ဖြစ်တယ်၊ ဘာဟာ စံချိန်စံညွှန်းမီတဲ့ အမှန်တရားဖြစ်တယ်" ဆိုတာကို အနောက်တိုင်းဗဟိုပြု ပညာရေးစနစ်အောက်မှာ နိုင်ငံတကာ ဂျာနယ်ကြီးတွေ၊ ကမ္ဘာ့အဆင့်မှီ တက္ကသိုလ်ကြီးတွေ မောင်ပိုင်စီးထားကြပါတယ်။ ဒီလိုနဲ့ အသိပညာ နယ်ချဲ့ဝါဒ (Knowledge Imperialism) ဟာ ကျတော်/ကျမတို့ရဲ့ ဒေသခံ အမှတ်သညာ၊ ဉာဏ်ပညာတွေဟာ သမားရိုးကျ ပလက်ဖောင်းတွေမှာ "အဆင့်မမီဘူး" ဆိုပြီး ဘေးဖယ်ခံခဲ့ရ၊ ခံနေရဆဲပါ။
ဒါကြောင့် ကိုယ့်ဇာတ်ကြောင်းကို ကိုယ်တိုင် လွတ်လပ်စွာ၊ သိက္ခာရှိစွာ ဖော်ထုတ်ပြီး မိမိတို့ကိုယ်တိုင်ရေးသား မှတ်တမ်းတင် (Reclaim) နိုင်ဖို့ SERI ကနေ "လူထုသုတေသန စကားဝိုင်း" (Public Research Forum) ကို ၂၀၂၆ ခုနှစ်၊ ဒုတိယနှစ်ဝက်မှာ လစဉ် ကျင်းပသွားမှာ ဖြစ်ပါတယ်။
SERI အနေနဲ့ နိုင်ငံတကာ ဂျာနယ်တွေလို စာရေးသူရဲ့ မူရင်း အသံကို ပျောက်ဆုံးစေမယ့် တည်းဖြတ်မှုမျိုးတွေ လုပ်သွားမှာ မဟုတ်ဘဲ — အခြေခံ တည်းဖြတ်မှု (Basic Editing & Proofreading) လောက်သာ ပြုလုပ်ပြီး စာရေးသူရဲ့ ဒေသဉာဏ်ပညာနဲ့ အမှန်တရားတွေကို မူလအတိုင်း ပေါ်လွင်အောင် ပံ့ပိုးပေးသွားမှာပါ။
ပေးပို့ရမည့်အရာများ
ဖိတ်ခေါ်လိုသည့် အကြောင်းအရာများ
📅 နောက်ဆုံးရက်
ဇွန်လ ၁၀ ရက်နေ့ ည
🎤 ဆွေးနွေးပွဲ ကျင်းပမည့်ရက်
ဇွန်လ ၁၄ ရက်နေ့ ည (ZOOM)
📩 ပေးပို့ရန်:
seri.eduresearch@gmail.com | sariputra.eduteam@seri-edu.org
ဒေသဉာဏ်ပညာဟာ အတိတ်ရဲ့ အမွေတင်မကဘဲ အနာဂတ်အတွက် လမ်းပြမြေပုံလည်း ဖြစ်တာမို့ — အခုပဲ စာတမ်း တင်သွင်းပြီး ဒေသအမှန်တရားကို အတူတကွ ဖော်ထုတ်လိုက်ပါ။
SERI invites organisations, research institutes, and individual specialists to become mentorship partners for the inaugural Civic Research Café – Knowledge Co-Production Series (No. 1).
As a partner, 2–3 hours/week (online): Mentor 2–3 youth researchers (ages 16–24) as they document elder farmers' traditional knowledge on clouds, wind, rain, and biological indicators for rice farming.
Key outputs: Farmer's Climate Handbook, Community Climate Atlas, Policy Brief — all open access digital publications.
Deadline: 24 May 2026
Sessions